လူထုဗဟိုပြုစီမံကိန်း ပဉ္စမနှစ်စက်ဝန်း သုံးလပါတ်အစည်းအဝေးကျင်းပ

နေပြည်တော် ၁၆ရက် မတ်လ ၂၀၁၈

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ပဉ္စမနှစ်စက်ဝန်း သုံးလပါတ်အစည်းအဝေးပွဲကို

(၁၆-၃-၂၀၁၈)ရက်နေ့ နေပြည်တော် MICC 2 Delegates2 ခန်းမတွင်

နံနက်(၉:ဝ၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်

ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်း/ပြည်နယ်

စီမံကိန်းတာဝန်ခံများမှ စီမံကိန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခြင်း၊

ပြည်ထောင်စုအဆင့် ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု

အခြေအနေနှင့် ရှေ့လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊

စီမံကိန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်နှိုင်းခြင်းတို့ပြုလုပ်၍ ညနေ (၁၆:ဝ၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။