ပြည်နယ်အဆင့်ပညာရေး၊ကျန်းမာရေးဆိုင်ရာလုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

လွိုင်ကော် ဒီဇင်ဘာ (၁၄) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေး ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို (၁၄.၁၂.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ လူထုဗဟိုပြုစီမံကိန်းအကြောင်းရှင်း လင်းခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက်သက်ဆိုင်ရာဌာနများသို့ စီမံကိန်းလုပ်ငန်းခွဲများ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူး မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ထိုအခမ်းအနား တွင် ပြည်နယ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။