ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်လှစ်ခြင်း

 ဖေဖော်ဝါရီလ၊၂၈ရက်နေ့

       စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ေရးဦးစီးဌာန ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အောက်ကျောင်းကျေးရွာအုပ်စု၊ ကျွန်းသစ်ကျေးရွာတွင် (၁၂၀၀'x၃'x၆") ကွန်ကရစ်လမ်းဖွင့်လှစ်ခြင်း အခမ်းအနားအား နံနက် (၁၀:၀၀) တွင် ကျင်းပခဲ့ပါသည်။

      အဆိုပါအခမ်းအနားသို့ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ လူမှုတာဝန်ယူမှု/ခံမှုနှင့် ကျားမရေးရာတာဝန်ခံ ဦးသူရအောင်က တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့်သက်ဆိုင်သည့်အေကြာင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။