ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း နံ့သာပုအုပ်စု၊ နံ့သာပုကျေးရွာတွင် သတင်းပြန်ကြားဆက်သွယ်ရေးအခမ်းအနားကျင်းပ

  ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ်၊ နံ့သာပုအုပ်စု၊ နံ့သာပု ကျေးရွာတွင်  သတင်းဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်မှုပိုမိုအားကောင်းလာစေရန်အတွက် သတင်းပြန်ကြား ဆက်သွယ်ရေးအခမ်းအနားကို  နံ့သာပုအုပ်စုမှကျေးရွာ (၃)ရွာ နှင့် အနီးအနားရှိကျေးရွာ(၇) ရွာတို့တွင် (၇.၃.၂၀၁၉) ရက်နေ့ ညနေ(၆) နာရီမှ ည (၁၀:၀၀)အချိန်ထိ  ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားအဆင့်နည်းပညာ အကြံပေး ခေါင်းဆောင် ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြား၍ ကဗျာပြိုင်ပွဲတွင် လူဦးရေ (၂၂) ဦးယှဉ်ပြိုင်ပြီး၊ စီမံကိန်းနှင့်ပတ်သက်သော အကြောင်းအရာများ မေးမြန်းခြင်းနှင့် ဆုရရှိသူများအား ဆုချီးမြှင့် ခဲ့၍ကျေးရွာမှ ဒေသအကများဖြင့်တင်ဆက်ခြင်း၊ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်းလူဦးရေ (၅၀၀) ကျော် တက်ရောက်ခဲ့ပါသည်။