ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ လူထုစစ်ဆေးပွဲကျင်းပပြုလုပ်ခြင်း

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာအုပ်စု ညောင်ခြေထောက်ကျေးရွာ ကျေးရွာတွင်းလမ်းအမှတ်(၁) ကွန်ကရစ်တံတား အဆင်မြှင့်တင်ခြင်း(၂၀’x၁၂’x ၈’)နှင့် အမှတ်(၂)လမ်း မြေသားလမ်း အဆင့်မြှင့်တင့်ခြင်း (၉၈၀’x ၁၂’x ၂’) (၇၅၀’x ၁၂’x ၁’) လုပ်ငန်းအား (၁၃.၁၁.၂၀၁၈) ရက်နေ့မှစတင်၍ (၂.၂.၂၀၁၉)ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့ပြီး လူထုစစ်ဆေးပွဲအား (၂၆.၂. ၂၀၁၉) ရက်နေ့တွင် ညောင်ခြေထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ၄င်းလူထုစစ်ဆေးပွဲအခမ်းအနားသို့ အိမ်ထောင်စု(၁၃၁)စုအနက် (၈၉)အိမ်ထောင်စု တက်ရောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်း၏ လုပ်ငန်းစဉ်နှင့် ရလဒ်များအပေါ်  ၄င်းတို့အနေဖြင့်စိတ်ကျေနပ်မှုရှိမရှိအား ဆန္ဒမဲပေး၍ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။