ချင်းပြည်နယ် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဇန်နဝါရီလ ၈ရက် ၂၀၁၉ခုနှစ်

 

လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ချင်းပြည်နယ် တွန်းဇံမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ (၈.၁.၂၀၁၉) အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင်းထန်မှ စီမံကိန်း စတင် ဆောင်ရွက်လာပုံ နှင့် လုပ်ငန်းစဉ်များ နှင့်ပက်သက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး တွန်းဇံမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန် အနေဖြင့် စီမံကိန်းသည် အလွန်ကောင်းမွန်သည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း ပြောကြားရင်း တက်ရောက်လာသော ကော်မတီဝင်များ အား ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ကျေလက်ဦးစီး(ရုံးချုပ်) ဦးကျော်စွာအောင်မှ သုံးသပ်ဆွေးနွေးပွဲ၏ ဆွေးနွေးမှု ရလဒ်များအား နှစ်စဉ် စီမံကိန်း လက်စွဲ စာအုပ် ပြင်ဆင်ရေးဆွဲရေးတွင် ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အတွင်း ကန်ပက်လက် မတူပီ ပလက်ဝ တွန်းဇံ စသည့် မြို့နယ်များ အပြင် စီမံကိန်း မြို့နယ် တစ်မြို့နယ် ထပ်မံ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အဆင့်မှ ကြိုးပမ်းဆောင်ရွက် နေပါကြောင်း ရှင်းလင်း ပြောကြားပေးခဲ့ပြီး ချင်းပြည်နယ် ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲမင်းကျော်မှ သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပေး၍ တက်ရောက်လာသော ကျေးရွာ ကော်မတီများ အနေဖြင့် အုပ်စုဖွဲ့ဆွေးနွေးမှု များတွင် ပူးပေါင်း ပါဝင် ဆွေးနွေးပေးပါရန် တိုက်တွန်း ပြောကြားပေးခဲ့ပါသည်။