ပေါက်မြို့နယ် သံပုရာအိုင့်ကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ပေါက် ဇူလိုင်  ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် သံပုရာအိုင့်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက စီမံကိန်းမှ ရရှိလာတဲ့အခြေခံအဆောက်အဦးများကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် လည်ပတ်ထိန်းသိန်းရေးလုပ်ငန်းစဉ်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်သွားကြ ရန်နှင့် စီမံကိန်းမှ လေ့ကျင့်ပျိုးထောင်ပေးလိုက်သော အလေ့အကျင့်ကောင်းများကို ဆင့်ပွားလေ့ကျင့်ပေးရင်း ပေါက်မြို့နယ် တစ်ခုလုံးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ သံပုရာအိုင့်ကျေးရွာ လူထုဗဟိုုပြုစီမံကိန်း စီမံခန့်ခွဲမှုအထောက်အကူပြုကော်မတီဥက္ကဌ ဦးမောင်မြင့်မှ ကျောင်းဆောင်သစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ကို စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်တာဝန်ှရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းဆောင်သစ် ဆောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးပါသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်ကို အလျား ၉၀ ပေ အနံ ၃၀ ပေ အမြင့် ၁၂ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၁၁၀ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၁ သိန်းဖြင့် လူထု ဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စိုးမိုးကျော် 09.256087268