မူကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့်လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)မှ ဆဲဘောက်ကျေးရွာအုပ်စု၊ တွီးခိန်းဇန်ကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၇၅)သိန်းနှင့် လူထုထည့်ဝင်ငွေကျပ်(၁၈၄၆၄၀၀)၊ စုစုပေါင်းကျပ်(၉၃)သိန်းကျော်ဖြင့် မူကြိုကျောင်းဆောင်တိုးချဲ့ခြင်းလုပ်ငန်းကိုအတိုင်းအတာ(၃၆ပေx၂၄ပေx၁၂ပေ)ဖြင့်(၅.၉.၂၀၁၈)ရက်နေ့တွင်လုပ်ငန်းစတင်ဆောင်ရွက်ကာ(၁၈.၁၁.၂၀၁၈)ရက်နေ့တွင်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် မူကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် လူထုစစ်ဆေးပွဲကို(၂၁.၁၁.၂၀၁၈)ရက်နေ့၌ အဆိုပါမူကြိုကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မူကြိုကျောင်းဆောင်သစ်တိုးချဲ့ခြင်းစီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်ရန်ရွေးချယ်မှုနှင့်ပတ်သက်၍ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌမှ “ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့်မဟုတ်ပဲ ကျေးရွာလူထုအားလုံး၏သဘောတူညီချက်ဖြင့် မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့ကျေးရွာတွင် လိုအပ်ချက်များစွာရှိသော်လည်းပညာရေးနှင့်ကျောင်းသား/သူများကိုဦးစားပေးသောကြောင့် ၄င်းလုပ်ငန်းကိုရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကျောင်းဆောင်သစ်ကြီးကိုယခုလိုအကောင်အထည်ဖော်ရရှိခဲ့သည့်အတွက်ကြောင့် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါကြောင်း၊ စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်ဦးစီးဌာန၊ ကမ္ဘာ့ဘဏ်နှင့်အတူCDDဝန်ထမ်းများအားလုံးအပေါ်ကျေးဇူးအထူးတင်ရှိကြောင်း” ကျေးရွာအားလုံးကိုယ်စားပြောကြားခဲ့ပါသည်။