မကွေးတိုင်းဒေသကြီးမင်းတုန်းမြို့နယ် ဘူးတောင်းကျေးရွာ ဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားပြုလုပ်

၁၇.၇.၂၀၁၈

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ဘူးတောင်းကျေးရွာတွင် တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သော ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားအား (၁၇.၇.၂၀၁၈)ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် သရက်ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနု၊ မင်းတုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး ဦးကျော်သူစိုးတို့မှ ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆက်လက်၍ အဆိုပါအခမ်းအနားဖွင့်ပွဲအား တိုင်းဒေသကြီး စီမံကိန်းတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် ၂၀၁၄-၂၀၁၅ခုနှစ်မှစ၍ လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိ စီမံကိန်းမြို့နယ်(၅) မြို့နယ်အားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မင်းတုန်းမြို့နယ်အနေဖြင့် လူထုဗဟိုပြုစီမံကိန်းကို (၃)နှစ်ဆက်တိုက်ဆောင် ရွက်ခဲ့ရာ ဘူးတောင်းကျေးရွာ အနေနဲ့ ပထမနှစ်တွင် မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ကုန်ကျငွေကျပ်(၃၁.၁၀၁၆၂၀)သန်း၊ ဒုတိယနှစ်တွင် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းကိုငွေကျပ်(၂၂.၂၁၄၉)သန်း၊ တတိယနှစ်တွင် ရေပေးရေးလုပ်ငန်းကိုငွေကျပ်(၇.၁၁၅၆၃)သန်း၊ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ငွေကျပ်(၉.၆၉)သန်း၊ ကျေးရွာရေမြောင်း ဆောင်ရွက်ခြင်းအတွက်ငွေကျပ်(၄.၃၈၉၄)သန်းနှင့် ကျောင်းရေမြောင်းအတွက် ငွေကျပ်(၄.၉၄)သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးရွာသူကျေးရွာသားများအနေဖြင့် စီမံကိန်းမှ ဆောင်ရွက်ပေးသောလုပ်ငန်းများကို ရေရှည်တည့်တံခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး စီမံကိန်း၏ လေ့ကျင်ပေးသော အလေ့အကျင့် ကောင်းများကို တိုးပွားအောင်ဆောင်ရွက်ရင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်နိုင်ကြပါစေကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ မင်းတုန်းမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ ခြင်းနှင့် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက အမှာစကားပြောကြားခဲ့ပြီး ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စာကျင်းပခဲ့ပါသည်။

စိုးမိုး(မကွေး)