စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြေင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ကြံခင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ DRD (Counter Part) များနှင့်နည်းပညာအကြံပေးအဖွဲ့များမှ (၄)နှစ်တာကာလအတွင်း စီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာအုပ်စု (၃၀)အုပ်စု၊ ကျေးရွာပေါင်း (၂၅၆)ရွာသို့ (၁၃.၁၁.၂၀၁၉) ရက်နေ့မှ (၂၂.၁၁.၂၀၁၉) ရက်နေ့ အထိအဖွဲ့ (၂)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ကြပါသည်။
အဆိုပါကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး၏ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖိုင်စာရင်းများ စနစ်တကျထားရှိမှု၊ ပြည့်စုံစွာဖြည့်သွင်းထားရှိမှု ရှိ/မရှိနှင့်ဆောင်ရွက်ပြီးသော စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့စေရန် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ ကောက်ခံထားရှိရန် အခြေ အနေများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအားဆွေးနွေး ပြောကြားခဲ့ပါသည်။