မြောက်ကျွန်းကျေးရွာဂျင်းလမ်းခင်းခြင်း ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ႓ာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းအရ မြောက်ကျွန်းကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဇွန် ၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဒေါ်အေးမြင့်သူ၊ အခြေခံ အဆောက်အအုံတာဝန်ခံ ဒေါ်အေးမြင့်သန်း၊ ဝယ်ယူရေးတာဝန်ခံ ဒေါ်မျိုးနုဝေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရာနှုန်းပြည့် ပြီးစီးသွားသည့် အရှည်ပေ ၂၆ဝဝရှိ မြောက်ကျွန်းကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ကြီးကြပ်ဆောင်ရွက်ခဲ့သော ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များက ရှင်းလင်းပြသကြသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းနှင့် တာဝန်ရှိသူများသည် စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေးကောင်းမွန်မှု ရှိ၊မရှိကို မြေသားသိပ်သည်းကျစ်လျစ်မှု (CBR)တိုင်းတာရေးကိရိယာဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါကျေးရွာတွင်း ဂျင်းလမ်းကို အကျယ် ၁၈ပေအဖြစ် ခင်းကျင်းခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုကြောင့် ဒေသတွင်း ကုန်စည်ကူးသန်း ရောင်ဝယ်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်လာမည် ဖြစ်ကြောင်း သိရသည်။