မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်

၁၇ရက် ဇူလိုင်လ ၂၀၁၈ ခုနစ်

မင်းတုန်းမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲအား (၁၇-၇-၂၀၁၈)ရက်နေ့ မင်းတုန်းမြို့ အောင်ဆန်းခန်းမ နံနက်(၉:၀၀)နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စီမံကိန်းတိုင်းတာဝန်ခံ ဦးသန်းထိုက်ဇော်မှ အဖွင့်အမှာစကားပြောကြားခြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုမှအမှာစကားပြောကြားခြင်း

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ အမှာစကားပြောကြားခြင်း

 

၏မြို့နယ်စီမံကိန်းနည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးဆလိုင်းအောင်ထွန်းမှ တတိယနှစ်စီမံကိန်း ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ အုပ်စုငယ်များဖွဲ့၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများမှ အားသာချက်/အားနည်းချက် များနှင့် အကြံပြုချက်များ ဆွေးနွေးခြင်း၊ စီမံကိန်း ဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာနှင့် ကျေးရွာအုပ်စုများအား ရွေးချယ်အမှတ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ ဆုရွေးချယ်မှု အစီအစဉ်အား ရှင်းလင်းတင်ပြခြင်းတို့ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတိုင်းတာဝန်ခံ ဦးသန်းထိုက်ဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ သတင်းမီဒီယာများ၊ ကျေးရွာကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအပါအဝင် တက်ရောက်သူ စုစုပေါင်း (၄၆၆)ဦး ရှိပြီး အခမ်းအနားကို နေ့လည် (၁၄:၃၀)ခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။