တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု၊ငါးရံ့အင်းကျေးရွာတွင်လူထုဗဟိုပြုစီမံကိန်းဖြင့်ဆောင်ရွက်သောအခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေ:ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်းဖြင့် တနင်္သာရီတိုင်း​ဒေသကြီး၊တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု၊ငါးရံ့အင်းကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်သောအခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို(၁၉.၅.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ကာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအား ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်​ရေ:ဦးစီးဌာနမှမြိတ်ခရိုင်ဦးစီးမှူးဦးအေးနိုင်၊မြို့နယ်ဦးစီးမှူးဦးညီညီဝင်းနှင့် မြို့နယ်ပညာ ရေးမှူးဦးကျော်ရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးဇော်လူထက်က ငါးရံ့အင်းကျေးရွာရာအိမ်မှူးထံသို့ ကျောင်းဆောင်သစ်နှင့်ပတ်သက်သောစာရွက် စာတမ်းများအားလွှဲပြောင်းပေးအပ်ခဲ့ပါသည်။