ပလက်ဝမြို့နယ် သကျော်ဝကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာအုပ်စု၊ သကျော်ဝကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)ဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၁၂၈)သိန်းနှင့်လူထုထည့်ဝင်ငွေ ကျပ်(၆)သိန်းကျော်၊ စုစုပေါင်း ငွေကျပ်(၁၃၄)သိန်းကျော်ဖြင့် (၂၅..၂၀၁၉) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ရာ (..၂၀၁၉)ရက်နေ့တွင် စီမံကိန်းလုပ်ငန်းကိုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ() ရက်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါကွန်ကရစ်လမ်းအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှစ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှ ငွေကျပ်(၁)သိန်းတိတိ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။

ကွန်ကရစ်လမ်းသည် အတိုင်းအတာအားဖြင့် အရှည်(၉၃၀)ပေ၊ အကျယ်(၈)ပေနှင့် အထူ(၆) လက်မရှိပြီး ဖွင့်ပွဲအခမ်းအနားတွင် ပလက်ဝမြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်(TTA, Team Leader) ဦးကျော်သန်း၊ ဒေါ်သီတာအေး (M&E,MISTTA)နှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌ ဦးလှဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ အဆိုပါစီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ပြီးစီးမှုအတွက် လူထုစစ်ဆေးပွဲ (Social Audit)ကို (၂၅.၃.၂၀၁၉) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။