ပင်လည်ဘူးမြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

၃ရက် ဇွန်လ ၂၀၁၈

ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို (၃.၆.၂၀၁၈)ရက်နေ့တွင် ပင်လည်ဘူးမြို့ ဦးအောင်မြတ် ခန်းမ၌ ကျင်ပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ စစ်ကိုင်းတိုင်ဒေသကြီးတိုင်းဦးစီးမှူး ဦးဝင်းကျော်မျိုး၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဥက္ကဌ ဦးဖြိုးသူမောင် တို့က အသီးသီးအမှာစကားပြောကြားကြပြီး အခမ်းအနားသို့ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် ၊ တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအဆင့်စီမံကိန်းကော်မတီဝင်များ၊ ရှမ်းနီ၊ ကတူးတိုင်းရင်သား/တိုင်းရင်းသူများ၊ NGO များနှင့် မြို့နယ်အဆင့် လူထုဗဟိုပြုစီမံကိန်ဝန်ထမ်းများ စုစုပေါင်း (၅၅၀)ခန့်တက်ရောက်ကြပါသည်။