လူထုဗဟိုပြုစီမံကိန်း စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကျင်းပ

(၉-၅-၂၀၁၇)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးကို (၉-၅-၂၀၁၇)ရက်နေ့ နံနက် ၉းဝ၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊မြစန္ဒာခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ကအဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးရေ/ကျေးလက် အမြဲတမ်းအတွင်းဝင် ဒေါက်တာခင်ဇော်မှ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်အကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ မြို့နယ်ရွေးချယ်ရာတွင် လိုအပ်သည့် အခြေခံ အကြောင်းအရာများအားရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ကိုယ်စားလှယ်များက သိရှိလိုသည်များအားမေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် ညွှန်ကြားရေးမှူး ဦးလှခိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောကိုယ်စားလှယ်များအား အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ဆွေးနွေးခြင်း၊ အဖွဲ့ တစ်ဖွဲ့ချင်းဆီမှမိမိတို့ရွေးချယ်ထားသော ရလဒ်များကိုတင်ပြခြင်း၊ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ အမှတ်ပေးစည်းမျဉ်းနှင့် လူထုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့်မြို့နယ်များမှာ ကျွန်းလှမြို့နယ်နှင့် ကနီမြို့နယ်များဖြစ်ကြောင်း ကြေငြာခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အခမ်းအနားအပိတ်မိန့်ခွန်းပြောကြားကာ အခမ်းအနားကိုညနေ(၄းဝ၀)နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးအတွင်းရှိ (ပြည်သူလွှတ်တော်/အမျိုးသားလွှတ်တော်/တိုင်ဒေသကြီး)လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နာဂဒေသဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ CSOs၊ INGOs၊ NGOs နှင့် သတင်းမီဒီယာများ စုစုပေါင်း(၃၃၀) ဦးတက်ရောက်ကြပါသည်။