ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ကြံခင်းမြို့နယ် MSRအစည်းအဝေးပွဲကို ဧရာဦးခန်းမတွင် နံနက် ၉းဝဝနာရီတွင်စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ (၄၄၀)ဦးရေခန့် တက်ရောက်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းမှအဖွင့့်အမှာစကားပြောကြားခဲ့ပါသည်။ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ ဆွေးနွေးပြောခြင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မီမီခိုင်မှစီမံကိန်းဆောင်ရွက်ခဲ့မှုများရှင်းလင်းပြောကြားခြင်း ကြံခင်းမြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် နော်ယုယုဝင်းမှလည်း ဆုရွေးချယ်ခြင်းနှင်ပတ်သက်သည့်များရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင်ကော်မတီဝင်များမှာလည်း အဖွဲ့ငယ်များဖွဲ့ ခေါင်းစဉ်တခုခြင်းအလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ဆွေးနွေးမှူရလဒ်များအား အဖွဲ့ကိုယ်စားလှယ်များမှ ပြန်လည်တင်ပြမှုများ ပြုလုပ်ခဲ့ကြပြီး တနှစ်တာအတွက်ဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာအုပ်စုနှင့်ကျေးရွာများအား အမှတ်တရဆုတံဆိပ်များပေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို နေ့လည်(၂း၄၀)အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။