ဧရာဝတီတိုင်းဒေသကြီး၊ သပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပခြင်း

           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ သာပေါင်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း ) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ်ခြင်း အစည်းအဝေးကို (၃၀.၅.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန် အ.ထ.က သော်ကခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးမှ အဖွင့်အမှာစကားပြောကြား၍ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးသန်းမှ စီမံကိန်းအကြောင်းဆွေးနွေးပြောကြား၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများ စုစုပေါင်းလူဦးရေ (၃၈၀)ဦး တက်ရောက်ခဲ့ပြီး  ဆုရရှိသော ကျေးရွာများ အားဆုချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်