မြောင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

၁၇-မေလ-၂၀၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး အခမ်းအနားအား (၁၇-၅-၂၀၁၈)ရက်တွင် မြောင်မြို့ တွင်နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားအား တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝန်ကျော်မျိုးမှ မိတ်ဆက်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်မှ စီမံကိန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခြင်း၊ မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးမှ စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြခြင်း၊ ကျေးရွာလူထုမှ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အုပ်စုဖွဲ့ဆွေးနွေခြင်း၊ ဂျုရီလူကြီးမှ ထူးချွန် ကျေးရွာ/ကျေးရွာအုပ်စုအမှတ်ပေးခြင်း နှင့် ဆုချီးမြှင့်ခြင်း စစ်ကိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးဝင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းတို့ပြုလုပ်၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ အခမ်းအနားအား ကျေးရွာ ကော်မတီဝင်များ၊မြို့မိမြို့ဖ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၃၆၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး နေ့လည်(၁၄၃၀) နာရီ အချိန်တွင်အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။