ပလက်ဝမြို့နယ် ရပ်ဒိန်ကျေးရွာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းစတုတ္ထနှစ်စက်ဝန်းမှ တင်ဘုန်းကျေးရွာအုပ်စု၊ ရပ်ဒိန်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ(၄) ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်      ဦးစိန်အောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

အဆိုပါကျောင်းဆောင်သစ်သည် အတိုင်းအတာအားဖြင့် အလျား(၆၀)ပေ၊ အနံ(၃၀)ပေနှင့် အမြင့်(၁၂)ပေရှိရာ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၁၈၂.၅)သိန်းဖြင့် (၃.၄.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၁၅.၅.၂၀၁၉)    ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။