(၆-၂-၂၀၁၈)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စီမံကိန်းမိတ်ဆက်ပွဲ အလုပ်ရုံဆွေးနွေးပွဲ ကို
(၆-၂-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်လျက် ရှိရာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ
ဦးစံကျော်လှမှ အဖွင့်အမှာစကားပြောကြားခြင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး
မွေးမြူရေး သစ်တော်နှင့် သတ္တုတွင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်လွင်မှ
မိတ်ဆက်စကားပြောခြင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ မိတ်ဆက်စကားပြောခြင်း ကမ္ဘာ့ဘဏ်မှ
ကိုယ်စားလှယ် Mr. Ingo Wiederhofer မှမိတ်ဆက်စကားပြောခြင်း
ညွှန်ကြားရေးမှူးဦးလှခိုင်မှ စီမံကိန်းအကြောင်းအကျဉ်းချုပ် မိတ်ဆက်ရှင်းလက်းခြင်း
လ/ထညွှန်ကြားရေးမှူးဦးဝင်းဇော်ထွန်းမှ စီမံကိန်းစက်ဝန်းအားရှင်းလင်းတင်ပြခြင်း
တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းခြင်းနှင် ဖြေကြားခြင်း
တို့ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်
မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့သည်
အစည်းအဝေးတွင် လူဦးရေ (၅၀၀)ခန့် တက်ရောက်ခဲ့သည်။