စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှှစ်စက်ဝန်း(၂၀၁၇-၂၀၁၈ဘဏ္ဍာေရးနှစ်)တွင် မြို့နယ်(၁၆)မြို့နယ် ဆောင်ရွက်သွားမည်ဖြစ်ရာ တစ်မြို့အပါအဝင်ဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူ မြို့နယ်တွင် (၂၉.၁၁.၂၀၁၇)ရက်နေ့ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲဲ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှ မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူ း ဦးစိုးသန်းမှ မိတ်ဆက်
စကားပြောကြားခြင်း ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးှုချုပ်မှ ညွှန်ကြားရေးမှူ းဦးလှခိုင်မှ စီမံကိန်း
မိတ်ဆက်စကား ပြောကြားခြင်းဖြင့်ဆွေးနွေးပွဲအား စတင်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်၊တိုင်း၊ခရိုင်၊မြို့နယ် အဆင့်မှ ဝန်ထမ်းများ၊CSOများ ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ းများ ၊ ကျေးရွာရပ်မိရပ်ဖနှင ့့််မြို့နယ်ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများ စုစုပေါင်း လူဦးရေ (၃၅၀)ခန့် တက်ရောက်ကြသည် ။