ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများနှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်ရှိ ကျေးရွာများသို့ကွင်းဆင်းကြည့်ရှု

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာနှင့် သရက်ကုန်းကျေးရွာအုပ်စု၊ ဆပ်ကြီးကျေးရွာများတွင် စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ သဘာဝဘေးအန္တရာယ်ခံစားရမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး သာပေါင်းမြို့နယ် ဇီးဖြူကွင်းကျေးရွာအုပ်စု ကံကုန်းကျေးရွာရှိ ကျေးရွာလူထုမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။