![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/120955155_160737845682747_3501302816729140925_n.jpg?itok=lFV8XfG8)
Half of Village Street Construction in Yang Mai Village of Wan Hkoke in Mongkhet
Shan, 9 October 2020,
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကမ္ဘာ့ဘဏ်၏ ံပ့ပိုးမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဖြင့် ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာတွင် အရှည်ပေ ၃၅၀ အကျယ် ၁၀ ပေနှင့် ထု ၆” လက်မရှိသော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းအား ကျေးရွာလူထုကိုယ်တိုင် ပူးပေါင်း ပါဝင်မှုဖြင့် အကောင် အထည်ဖေါ်လျက် ရှိရာ လုပ်ငန်း ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါ ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် စီမံကိန်းပံ့ပိုးငွေ ၆၅ သိန်းဖြင့် လားဟူ လူမျိုးများ ဖြစ်သော ကျေးရွာလူထုကိုယ်တိုင် အောက်တိုဘာလ ပထမပတ်မှ စ၍ စီမံကိန်း တာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ငန်းအား လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဦးကျော်မင်းလှိုင်၊ လက်ထောက်နည်းပညာမှူး ဒေါ်နော်လဲ့လဲ့မြင့် တို့မှ စီမံကိန်း လုပ်ငန်းအတွက် နည်းပညာများ ပံပိုးပေးခဲ့ပြီး၊ ကျေးရွာအချက်အလက်ကောက်ယူခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များ အားလုံးကို ရွာသူရွာသားများနားလည် သဘောပေါက်လာစေရန်အတွက် ကျေးရွာတာဝန်ခံ လူထုစည်းရုံးရေးမှူး ဦးပြည့်စုံဖြိုးလှိုင်မှ လားဟူဘာသာဖြင့် ဘာသာပြန်ရှင်းပြပေးခဲ့ပါသည်။
အဆိုပါ ကျေးရွာတွင်းလမ်း ဆောင်ရွက်ခြင်းကြောင့် ကျေးရွာအတွင်း နေထိုင်သော အိမ်ထောင်စု ၅၁ စု၊ လူဦးရေ ၂၅၉ ဦးအတွက် တိုက်ရိုက် အကျိုးပြုလျက် ရှိပါသည်။
#Mong Khet CDD
#NCDDP, #DRD, #MOALI, #WorldBank