ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၄.၁၁.၂၀၁၇ ရက်နေ့၌ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ (Socialization Workshop) ကို ၂၄.၁၁.၂၀၁၇ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ဒေါနခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ အစိုးရမဟုတ်သောအဖွဲ့အစည်းများ လူမှုရေးအသင်းအဖွဲဲ့များ သတင်းမီဒီယာများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူ းများ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူ း ဦးထွန်းဇော်ချစ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်/ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူ း ဦးလှခိုင်မှ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။