လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူမြို့တွင် ကျင်းပ

စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​​မြောင်းဝန်​ကြီးဌာန၊ ​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်​တို့ပူးပေါင်းအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​လျက်ရှိ​သော လူထုဗဟိုပြုစီမံကိန်း

ပဉ္စမနှစ်​စက်​ဝန်း(၂၀၁၇-၂၀၁၈ဘဏ္ဍာ​ ရေးနှစ်​)တွင် မြို့နယ်​(၁၆)​မြို့နယ် ဆောင်​ရွက်​သွားမည်​ဖြစ်​ရာ တစ်မြို့အပါအဝင်​ဖြစ်​​သော ​ဧရာဝတီတိုင်းဒေသကြီး၊ ​​အင်္ဂပူမြို့နယ်၌ (၁.၁၂.၂၀၁၇)ရက်​​နေ့

လူထုဗဟိုပြုစီမံကိန်း မိတ်​ဆက်​​ခြင်းအလုပ်​ရုံ​ဆွေး​နွေးပွဲကျင်းပပြုလုပ်​ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဗဟိန်းမှ​ အဖွင့်အမှာစကား​ပြောကြားခြင်း၊ ​

ဧရာဝတီတိုင်းဒေသ ကြီး ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းမှမိတ်ဆက် စကားပြောကြားခြင်း ၊ ​ ကျေးလက်​​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန ရုံးချုပ်​မှ

ညွန်း​ရေးမှူးဦးလှခိုင်မှ စီမံကိန်းမိတ်​ဆက်​စကား ပြောကြား ခြင်းဖြင့်ဆွေး​နွေးပွဲအား စတင်​ခဲ့သည်​။ ဆွေး​နွေးပွဲတွင်​ ​​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ ရေး ဦးစီးဌာန ရုံးချုပ်၊တိုင်း၊ခရိုင်၊မြို့နယ် အဆင့်မှ

ဝန်ထမ်းများ၊INGO၊ NGOများ၊ CSOများ ၊လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ဌာနဆိုင်​ရာများ၊​ ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူးများ ၊ ကျေးရွာရပ်မိရပ်ဖနှင့်မြို့နယ်ရပ်​မိရပ်​ဖများ၊  သတင်းမီဒီယာများ

စုစု​ပေါင်းလူဦး​ရေ (၆၅၀)ခန့်တက်​​ရောက်​ကြသည်။