ပထမအကြိမ်လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် စည်းရုံးရေးမှူးများဖိုရမ် (CF Forum)ကျင်းပ

၁၄-သြဂုတ်လ-၂၀၁၇ နေပြည်တော် လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် စည်းရုံးရေးမှူးများဖိုရမ် (CF Forum)ဖွင့်ပွဲအား သြဂုတ်လ (၁၄)ရက်၂၀၁၇ တွင် ပျဉ်းမနားမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြောက်လွှတ်ကုန်း၊ သင်တန်းခန်းမတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြာ၍ ဖွင့်လှစ်ခဲ့ပြီး စီမံကိ်န်းမြို့နယ်များမှ လူထုစီးရုံးရေးမှူးများ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ CF ဖိုရမ် ပထမအကြိမ်အား (၁၄/၁၅.၈.၂၀၁၇)ရက်နေ့များတွင်ကျင်းပမည်ဖြစ်ပြီး ပင်လည်ဘူးမြို့နယ်မှ (၃၂)ဦး၊ အမ်းမြို့နယ်မှ(၂၉)ဦး၊ နမ့်ဆမ် မြို့နယ်မှ(၁၈)ဦး၊ တနင်္သာရီ မြို့နယ်မှ(၁၄)ဦး၊ ဘီးလင်း မြို့နယ်မှ (၁၄)ဦး၊ ကျောက်ကြီး မြို့နယ်မှ(၉)ဦး၊ ပလက်ဝ မြို့နယ်မှ(၂၉)ဦး၊  ဒီမော့ဆို မြို့နယ်မှ(၇)ဦး၊ ဖရူဆို မြို့နယ်မှ (၈)ဦး၊ ဗန်းမောက် မြို့နယ်မှ(၁၄)ဦး၊ မိုးကောင်း မြို့နယ်မှ(၃)ဦး၊ ဆီဆိုင် မြို့နယ်မှ(၅)ဦး၊ ဖားဆောင်း မြို့နယ်မှ (၃)ဦး၊ လွိုင်ကော် မြို့နယ်မှ(၅)ဦး၊ ဆော မြို့နယ်မှ(၅)ဦး၊ စုစုပေါင်း (၁၉၅)ဦးခန့်တက်ရောက်ကြပါသည်။