လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် လတ်ခတ် ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)မှာ အိမ်ထောင်စု ၂၂၀၊ လူဦးရေ ၁၃၄၀ ဦးတို့ကို အကျိုးပြုနိုင်မယ့် နောကော ကျေးရွာအုပ်စု လတ်ခတ် ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အဆိုပါ လမ်းမှာ လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ကျပ် ၂၅,ဝ၀ဝ,ဝ၀ဝ နဲ့ အကောင် အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်ပြီး လှိုင်းဘွဲ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထု စည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ ကျေးရွာသားများရဲ့ ပူးပေါင်း ပါဝင်မှုတို့နဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

သတင်း - ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage