လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် တခွက်ဖိုးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း စတင်ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Ta Khwet Hpoe of Hlaingbwe Kicked Off

Kayin, 27 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ တခွက်ဖိုး ကျေးရွာ အုပ်စု တခွက်ဖိုး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၂၇၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်မ) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၄၁၇ နဲ့ စတင် အကောင် ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထု စည်းရုံးရေးမှူး စောသန်းထိုက်စိုးတို့က အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပြီး လုပ်ငန်းတွေ ၁၀၀% ပြီးစီး သွားရင် တခွက်ဖိုး ကျေးရွာက အိမ်ထောင်စု (၆၄၃) စု လူဦးရေ (၃၈၄၅) ဦး တို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေ အတွက် သွား/လာရေး အဆင်ပြေလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage