ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်နှင့် ပြည်နယ်ရုံးမှ ဝန်ထမ်းများ စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှာ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်းနဲ့ ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်တို့က ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မရမ်းကျေးရွာမှာ ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေတဲ့ ကျေးရွာကုန်ထုတ်လမ်း မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်ထားတဲ့ စီမံကိန်း လုပ်ငန်းများ၊ လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လည်းကောင်း၊ ကျွန်းပင်သာ ကျေးရွာအုပ်စု ရှမ်းရွာသစ် ကျေးရွာ ကော်မတီဝင်များအား ကျား-မ ရေးရာ သင်တန်း ဖွင့်လှစ် သင်ကြားနေမှုအားလည်းကောင်း၊ သင်္ဘောကျေးရွာ အုပ်စု ကမာကုန်း ကျေးရွာမှာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေတဲ့ ရေပေးရေး လုပ်ငန်းနဲ့ လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေတဲ့ စာသင်ကျောင်းဝင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကြပြီး၊ ကျေးရွာ ကော်မတီဝင်များနဲ့ တွေ့ဆုံကာ စီမံကိန်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို ဆွေးနွေးမှာကြားခဲ့ပါတယ်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာမှာ မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်း၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၊ စည်းရုံးရေးမှူးများ အတူလိုက်ပါခဲ့ကြပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များမှ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းမှ လူထုဗဟိုပြု စီမံကိန်းနဲ့ ပတ်သတ်ပြီး၊ စီမံကိန်း နှစ်အလိုက် ဆောင်ရွက်ထားရှိမှု၊ လည်ပတ်ထိန်းသိမ်း ရန်ပုံငွေ ကောက်ခံရရှိမှု၊ နှစ်စဉ် အကြံပြုစာများ လက်ခံ ရရှိ ဖြေရှင်းဆောင်ရွက်နိုင်မှု၊ စီမံကိန်းကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ပြီး၊ အမျိုးသမီး အခန်းကဏ္ဍများ ပိုမို ပေါ်လွင်မှုများ၊ အမျိုးသမီးများ စွမ်းဆောင်နိုင်မှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

သတင်း - ဧဧလေး

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank