ကျွန်းစုကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်၀န်း) တွင် ရွာတွင်း ဂဝံမြေသားလမ်း ခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Laterite Street Construction in Kyun Su Village Kicked Off

Kayin, 24 December 2020, Ministry of Information

ပိုင်ကျုံ ဒီဇင်ဘာ ၂၄

 

ကရင်ပြည်နယ် ဘားအံ ခရိုင် လှိုင်းဘွဲ့မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးထာနနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ပိုင်ကျုံမြို့ ကြတ်တူရွေး ကျေးရွာ အုပ်စု ကျွန်းစု ကျေးရွာ ရွာတွင်း ဂဝံ မြေသားလမ်း ခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က စတင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း ဂဝံ‌မြေသားလမ်း ခင်းခြင်း လုပ်ငန်း သည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ ငွေကျပ် (၁၄,၆၅၀,၀၀၀) ဖြင့် အ​ကောင် အထည်​ဖော်​ ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၂၁၀၀ပေ x အကျယ် ၁၄ပေ × ၁ပေ) ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ ပေးအဖွဲ့တို့မှ တာ၀န်ရှိ သူများ၏ စနစ်တကျ လမ်းညွှန်မှုနှင့် ကျေးရွာ ပြည်သူ လူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိ‌ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25950