ရွှေကူမြို့နယ်အတွင်း အတည်ပြု စီမံကိန်း လုပ်ငန်းခွဲတွေကို ကြေညာ

ကချင်ပြည်နယ် ရွှေကူ မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းကို Covid-19 ကူးစက်ရောဂါ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ဇွန်လ ၂ ရက်နေ့က ရွှေကူမြို့နယ် ရေလဲ ကျေးရွာမှာ Covid-19 ကူးစက်ရောဂါ ကာလအတွင်း လူစုလူဝေး ရှောင်ရှားခြင်းဖြင့် ကျေးရွာ အစည်းအဝေး မပြုလုပ်တော့ပဲ ဒုတိယနှစ် စက်ဝန်းက ရွေးချယ်ထားတဲ့ ဦးစားပေး လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းခွဲတွေကို ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင် အဖွဲ့ဝင်တွေက အများပြည်သူ သိရှိနိုင်ဖို့ ကျေးရွာ ကြော်ငြာ သင်ပုန်းနဲ့ အများမြင်သာတဲ့ နေရာတွေမှာ ကပ်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

 

ဒါအပြင် အသံချဲ့စက်နဲ့ ကြော်ငြာခြင်းကို ပွင့်လင်း မြင်သာ စွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank