ဆောမြို့နယ် လောင်းရှည်ကျေးရွာ KG ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အား ကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် အီတလီ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကျေးရွာ ဖြစ်တဲ့ လောင်းရှည်ကျေးရွာကို စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်ကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ နယ်မြေအဖွဲ့ခေါင်းဆောင် ဦးရှု့မောင်တို့က မေလ ၂၈ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၃၅ သိန်းနဲ့ ဆောက်လုပ်လျက်ရှိတဲ့ ပေ ၅၀ ပေ ၃၀ ရှိ လောင်းရှည်ကျေးရွာ KG ကျောင်း ဆောက်လုပ်ခြင်းနဲ့ ၂ လုံးတွဲ အိမ်သာ ဆောက်လုပ်ခြင်းကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာ စီမံကိန်း အထောက်အကူ ကော်မတီဝင်များနဲ့ တွေ့ဆုံကာ လုပ်ငန်းပြီးစီးမှု အခြေအနေနဲ့ လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ပါတယ်။

 

သတင်း - ရှုမောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank