လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ် ကွန်ကရစ်လမ်း ဖွင့်လှစ်

NCDDP’s Village Concret Stree Opening Ceremony Held at War Khoke Taw Village of Hlaingbwe

Kayin, 24 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၄

 

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင် အထည်​ဖော် ​ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် သာယာကုန်းအုပ်စု ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ် ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်​နေ့က ကျင်းပပြုလုပ်​ကြောင်း သိရသည်။

​ရှေးဦးစွာ ဝါး​ကျောင်း ဆရာ​တော်၊ ဝါးကုတ်​တော ​ကျောင်းဆရာ​တော်တို့မှ သြဝါဒ စကား​ မိန့်ကြားခဲ့ပြီး​ သာယာကုန်း အုပ်စု အုပ်ချုပ်​ရေးမှူးနှင့် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး​ဒေါ်​အေးမြနန္ဒာထွန်းတို့မှ ​ကျေးဇူးတင်စကား ပြန်လည် ​ပြောကြား​ခဲ့သည်။ ထို့နောက် ဝါးကုတ်​တော​ ကျောင်းဆရာ​တော်၊ သာယာကုန်းကျေးရွာ အုပ်စု အုပ်ချူပ်​ရေးမှူးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး​ဒေါ်​အေးမြနန္ဒာထွန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လစ်ပေးခဲ့​ကြကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀) ကျပ် ပြည်သူလူထု ထည့်ဝင်ငွေ (၂,၅၀၀,၀၀၀) ကျပ်တို့ဖြင့် လမ်း (အရှည် ၁၈၈၀​ပေ ၊ အကျယ် ၁၄​ပေ ၊ ထု ၆လက်မ) ဖြစ်ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၅ရက်​နေ့တွင် စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၁၃ရက်​နေ့တွင် ပြီးစီး​ခဲ့၍ ဝါးဂုတ္တော​ ကျေးရွာမှ အိမ်​ထောင်စု ၅၄၀စု၊ လူဦး​ရေ (၃၂၂၀)ဦး တို့၏ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေးနှင့် လူမှု​ရေး လုပ်ငန်းများ အတွက် လမ်းပန်း ဆက်သွယ် အဆင်​ပြေ​လာပြီ ဖြစ်​ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25856