လှိုင်းဘွဲမြို့နယ်၊ ဥဒေါင်း ကျေးရွာတွင် ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်

NCDDP’s Village Concrete Street Opening Ceremony Held in U Daung Village of Hlaingbwe

Kayin, 26 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၆

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ဥဒေါင်းကျေးရွာ အုပ်စု ဥဒေါင်း ကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဖွင့်ပွဲ အခမ်းအနားကို ဥဒေါင်းကျောင်း ဆရာတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုနှင့် ကိုယ်စားလှယ် ဒေါ်ဖြူစင်အိတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် (အရှည် ၁၆၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်းမ ှထောက်ပံ့ငွေ ၁၈,၀၀၀,၀၀၀ကျပ် ဖြင့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ပြီးစီးပြီး ဖြစ်၍ ဥဒေါင်း ကျေးရွာမှ အိမ်ထောင်စု (၂၀၂)စု၊ လူဦးရေ (၁၁၉၇)ဦး တို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ အတွက် သွား/လာရေး အဆင်ပြေလာပြီး ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26029