နွားထိုးကြီးမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာ အဆောက် အဦများ လွှဲပြောင်းပေးအပ်

NCDDP’s Completed Infrastructure for Education Handed Over to Respective Department in Natogyi

Mandalay, 16 December 2020, Development News TV

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထု ဗဟိုပြု စီမံကိန်း ဖြင့် ဆောင်ရွက်ခဲ့သည့် ပညာရေး ဆိုင်ရာ အဆောက်အဦးများအား သက်ဆိုင်ရာ ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲအား ဒီဇင်ဘာလ ၁၅ ရက်နေ့က နထိုးကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ပါတယ်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ထပ်ဆင့် ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ မြို့နယ် ကျေးလက် ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ် အေးအေးသိန်းက စီမံကိန်း လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း စာရင်းများအား ချပြ ရှင်းလင်း ခဲ့ပြီး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်မှ လွဲပြောင်း ပေးအပ်ခဲ့ရာ မြို့နယ် ပညာရေးမှူး ဒေါ်ခင်ထွေးရီမှ လက်ခံ ရယူခဲ့ပါတယ်။

ထို့နောက် မြို့နယ် ပညာရေးမှူးက ယခုလို ပညာရေး ဆိုင်ရာ အဆောက်အဦးများအား တည်ဆောက်ပြီး လွှဲပြောင်း ပေးအပ် ခဲ့သည့် အတွက် ကျေးဇူးတင် စကား ပြန်လည် ပြော ကြားကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

 

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/386101442646522