ကော့ကရိတ်မြို့ မွန်စုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

NCDDP’s Village Concrete Street Opening Ceremony Held in Mon Su Village of Kawkareik

Kayin, 27 December 2020, Ministry of Information

ကော့ကရိတ် ဒီဇင်ဘာ ၂၇

 

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက် နေသော လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်း နဘူးနှစ်ခြား ကျေးရွာအုပ်စု၊ မွန်စုကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီ ဝင်များ ဦးဆောင်၍ ယ​နေ့နံနက် ၈ နာရီ ချိန်တွင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ကျားမရေးရာ တာဝန်ခံ စောကစ်ဆင်ဂျာလင်း၊ လက်ထောက် ဝယ်ယူရေး တာဝန်ခံ ဒေါ်အေးသူလွှင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ ကျေးရွာဥက္ကဋ္ဌ ဦးနိုင်တင်လှတို့မှ အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုး ဖြတ် ဖွင့်လစ်ပေးခဲ့သည်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်းမှာ စီမံကိန်း ရန်ပုံငွေကျပ် (၂၀၃)သိန်းနှင့် လူထု ထည့်ဝင်ငွေကျပ် (၇၆)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာ အားဖြင့် အရှည် ၂၀၂၀ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်း ဖြစ်မြောက်ရေး နည်းပညာ အကူအညီများအားဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက်နည်းပညာမှူး ဒေါ်နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံး​ရေးမှူး နော်ချယ်ရီဦး ​တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံ​ပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မွန်စုကျေးရွာမှ အိမ်​ထောင်စု(၈၈)စု လူဦး​ရေ (၅၆၄)ဦးတို့အတွက် နှစ်စဉ် ကြုံတွေ့နေရသော မိုးရာသီ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေး လွယ်ကူ အဆင်​ပြေလာ​ပြီး ဖြစ်ကြောင်း​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26113

http://www.mdn.gov.mm/my/luuthubhiupuciimnkinrnpunngephng-keraattng-knkrclmphng