လူထု ဗဟိုပြု စီမံကိန်း လှိုင်းဘွဲမြို့နယ် လတ်ခတ် ကျေးရွာတွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ စတင် အကောင်အထည်ဖော်

NCDDP’s Village Concrete Street Construction Kicked off at Let Khat Village of Hlaingbwe

Kayin, 17 November 2020, Ministry of Information

လှိုင်းဘွဲ ၁၇ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူ အညီဖြင့် အကောင် အထည်ဖေါ် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု ၂၂၀၊ လူဦးရေ ၁၃၄၀ တို့အား အကျိုးပြုနိုင်မည့် နောကောကျေးရွာအုပ်စု လတ်ခတ် ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေကျပ် ၂၅,ဝ၀ဝ,ဝ၀ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည်ပေ ၁၉၀ဝ x အကျယ် ၁၀ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထု စည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့၏ အနီးကပ် ကြီးကြပ်မှုနှင့် ကျေးရွာသူ/ ကျေးရွာသားတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information/ Myanmar Digital News

https://www.moi.gov.mm/iprd/news/21236

http://www.mdn.gov.mm/my/lttkhttkeraattng-raattngknkrclmkhngkhnglupngnmaa-cttngakeaangathnnypheaa?fbclid=IwAR0OZcI0AvZ5Jupe7iphHRj35pexVZuQM-EvxeJmzZAvg7MYxCHVMaj8cXo