လူထု ဗဟိုပြု စီမံကိန်းမှ ပေါက်မြို့နယ် ဖားအတော ကျေးရွာ ရွာချင်းဆက်လမ်း ဖောက်လုပ်

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ တောင်မြင့်အုပ်စု၊ ဖားအတောကျေးရွာ ရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ဩဂုတ်လ (၅) ရက်နေ့မှာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ တိုင်းဒေသကြီး နည်းပညာအကြံပေး ဦးမောင်ပို၊ နည်းပညာအကြံပေး ဝယ်ယူရေးတာဝန်ခံ ဦးတင်ထူးအောင်၊ လက်ထောက်နည်းပညာမှူး ဒေါ်ဝေစိုးသူ နှင့် လူထုစည်းရုံးရေးမှူး ဦးဝင်းနိုင်တို့မှ လုပ်ငန်း ကော်မတီများနှင့် တွေ့ဆုံပြီး ရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

 

အဆိုပါရွာချင်းဆက်လမ်း အရှည် ပေ ၁၀၀၀၊ အကျယ် ပေ ၂၀၊ ထု ၉ လက်မနဲ့ ရေကျော် ၃ ခု တည်ဆောက်ပြီး လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေသိန်း ၁၄၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရပါတယ်။

 

သတင်း - မျိုးဝင်းထွန်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank