သဲကုန်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး

NCDDP’s Sub-project Activities in Thegon Monitored by Respective Officials

Bago, 17 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်း ထိုက်ဦး၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းနဲ့ လူထု ဗဟိုပြု တာဝန်ရှိသူများမှ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက်နေတဲ့ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်း မြို့နယ် ဌက်တော်မြီး ကျေးရွာ အုပ်စု ရွှေတော ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စတင် ဆောင်ရွက်ခဲ့တဲ့ မြေနီလမ်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးခြင်း၊ စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ပါဝင်တဲ့ နွယ်ကောက် ကျေးရွာ အုပ်စု နွယ်ကောက် ကျေးရွာမှာ ကျေးရွာ အုပ်စု အစည်းအဝေး ပြုလုပ်ခြင်းနဲ့ လုပ်ငန်းခွဲ ဆောင်ရွက်မယ့် အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ပြီးတော့ ကျေးရွာ လူထု ကော်မတီ ခေါင်းဆောင်များကို စီမံကိန်းနဲ့ ပတ်သတ်တဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးတော့ ကျေးရွာလူထုကို ဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီးတော့ အားပေး စကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ငြိမ်းသူ

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage