တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ညှိနှိုင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ဆွောင်းပတ် အုပ်စုနဲ့ ဆဲဘောက် အုပ်စုတွေရဲ့ ကျေးရွာ တွေမှာ စီမံကိန်း လုပ်ငန်းစဉ် တွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ အတွက် ပြည်ထောင်စုအဆင့် နည်းပညာအကြံပေး ဒေါ်အေးအေးခိုင်၊ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်း၊ မြို့နယ် နည်းပညာအကြံပေး ဦးဇော်ဝင်းနဲ့ တာဝန်ကျ လက်ထောက် နည်းပညာ မှူး၊ လူထု စည်းရုံးရေး မှူးတွေ ပါဝင်တဲ့ တာဝန်ရှိသူများအဖွဲ့ဟာ ကျေးရွာ တွေကို ဇွန်လ ၂၄ ရက်နေ့က ကွင်းဆင်း စစ်ဆေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ စီမံကိန်း တာဝန်ရှိသူများအဖွဲ့ဟာ ဇိုလင်း ကျေးရွာမှာ ရှိတဲ့ ကွန်ကရစ် လမ်းတံတားတည်ဆောက်ခြင်း၊ သန်နွန်းဇန်ကျေးရွာ ကျေးရွာမှာ ကျောက်ခင်းလမ်း တည်ဆောက်ခြင်း လုပ်ငန်း၊ စိန်တူမ်း ကျေးရွာမှာ ရှိတဲ့ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ ဟားခါးလေးတောင် ကျေးရွာမှာ ဘက်စုံသုံး ခန်းမ၊ တွီးခိန်းဇန် (အောက်) ကျေးရွာမှာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ကွင်းဆင်း စစ်ဆေးပြီး၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို သုံးသပ်ကာ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ ယခင်နှစ် စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက်ခဲ့မှုကြောင့် ကျေးရွာသူ ကျေးရွာသား တွေရဲ့ အကျိုးခံစားမှုတွေနဲ့ စီမံကိန်း လုပ်ငန်းခွဲတွေ လည်ပတ် ထိန်းသိမ်းရေး အခြေအနေတွေကို မေးမြန်းခြင်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် စီမံကိန်း လုပ်ငန်းစဉ်တွေ အကြောင်း ရင်းရင်းနှီးနှီး ညှိနှိုင်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ဦးဇော်ဝင်း

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank