ပြင်စည်ကျေးရွာ ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် နွားထိုးကြီးမြို့တွင် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်း ဆောင်ရွက်သော လူထုဗဟိုပြုစီမံ ကိန်းစတုတ္ထနှစ် စက်ဝန်းပံ့ပိုးရန်ပုံ ငွေဖြင့် ပြင်စည်ကျေးရွာဂျင်းလမ်း ခင်းခြင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်း ဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမောင်ဝင်း နှင့်တာဝန်ရှိသူများက ကျေးရွာလူ ထုဗဟိုပြုစီမံကိန်းကော်မတီဝင် များနှင့်အတူကျေးရွာတွင်းဂျင်းလမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး သတ် မှတ်သည့်စီမံကိန်းစက်ဝန်းအတွင်း စံချိန်စံညွှန်းများပြည့်မီစွာဖြင့်ပြီးစီး ရေးအကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြင်စည်ကျေးရွာ ဂျင်း လမ်းခင်းခြင်းလုပ်ငန်းကိုလူထုဗဟို ပြုစီမံကိန်းစတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေ ၂၆ ဒသမ ၇၈ သန်းဖြင့်အရှည်ပေ၃၅ဝဝ၊အကျယ် ၁၈ပေ၊ထုရှစ်လက်မခင်းခြင်းလုပ် ငန်းဆောင်ရွက်ပြီးစီးသွားပါကအဆို ပါကျေးရွာရှိ အိမ်ခြေ ၉၆၆ အိမ်မှ လူဦးရေကိုးထောင်ကျော်တို့၏လမ်း ပန်းဆက်သွယ်ရေးအဆင်ပြေလွယ် ကူတော့မည်ဖြစ်ကြောင်းသိရသည်

ဖြိုးထက်အောင် (ပျော်ဘွယ်)

နွားထိုးကြီး မတ် ၃

https://www.facebook.com/uniondaily.net/posts/1495798587256314