ရမည်းသင်းမြို့နယ် ညောင်အိုင်ကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှု ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဆည်ကြီး အုပ်စု ညောင်အိုင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှု အခြေအနေတွေကို စက်တင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီ အချိန်က ရမည်းသင်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်၊ မြို့နယ် အခြေခံ အဆောက်အအုံဆိုင်ရာ တာဝန်ခံ ဒေါ်အေးသက်သက်ခိုင်နဲ့ ကျေးရွာ တာဝန်ကျ ဝန်ထမ်းတွေက ကျေးရွာ စီ/ ထောက် ကော်မတီဝင်တွေ တင်ဒါ အောင်မြင်သူ ကန်ထရိုက်တာတွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တာတွေကို လမ်းညွှန် မှာကြားခဲ့ပါတယ်။

အဲဒီ ကျေးရွာ ကုန်ထုတ်လမ်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၃၈ ဒဿမ ၈၅ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ရဲအောင် ( ကျေးလက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank