လူထု ဗဟိုပြု စီမံကိန်းမှ အင်္ဂပူ မြို့နယ် ချင်းချောင်အုပ်စု လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

NCDDP’s Meeting Organized for Chin Chaung Village Tract of Ingapu

Ayeyarwaddy, 20 November 2020, SkyNet Media Coverage

 

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အတွက် အုပ်စု အစည်းအဝေးကို ယခု လ ၁၃ ရက်နေ့က ချင်းချောင်အုပ်စု မတောင့်တ ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူတွေ ကျေးရွာအတွင်းရှိ ကျေးရွာ ၈ ရွာမှ စီ/ထောက် ကော်မတီဝင် တစ်ရွာလျှင် ၂ ဦး၊ လက်ထောက် နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတွေ တက်ရောက်ပြီး၊ ဖွံ့ဖြိုးရေး ဦးစားပေး အစီအစဉ်တွေ၊ လိုအပ်ချက်တွေ၊ မျှော်မှန်းချက်တွေ ဖော်ထုတ်ကာ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့ ဆွေးနွေးကြပါတယ်။

အဲဒီနောက် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အတွက် ကျေးရွာ ၄ ရွာ လုပ်ငန်းခွဲ အဖြစ် မီးလင်းရေး ၃ ရွာ နဲ့ လမ်းခင်းခြင်း ၁ ရွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အင်္ဂပူ မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage