စီမံကိန်း ကျေးရွာ အဆင့် ကော်မတီဝင်တွေကို လုပ်ထုံးလုပ်နည်းသင်တန်းပို့ချ

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစားဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့

လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွက် ကျေးရွာ အဆင့် ကော်မတီဝင်တွေကို သင်တန်းဖွင့်လှစ် ပို့ချခဲ့တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မောက်မယ် မြို့နယ် ဟွန်နန့်ကျေးရွာ အုပ်စု၊ ဟွန်နန့် ကျေးရွာမှာ သင်ကြားခဲ့တာ

ဖြစ်တယ်လို့ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဝယ်ယူမယ့် နည်းလမ်းတွေကို ရှင်းလင်းသေချာစေဖို့နဲ့ ဈေးပြိုင်စနစ်တွေကို

သိရှိနားလည်နိုင်စေဖို့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အချိန််မီ ပြီးစီးစေဖို့နဲ့ စောင့်ကြပ်ကြည့်ရှုမှု အားကောင်းလာစေဖို့ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှု၊

တာဝန်ခံမှု၊ အားကောင်းလာစေဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာဖြစ်ကြောင်း သင်တန်းကို ကျေးရွာ ၃၀ က ကျေးရွာ ကော်မတီဝင်တွေ

တက်ရောက်ကြပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank