တနင်္သာရီမြို့နယ်အတွင်း ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာ ၇ ရွာနှင့် Cash for Work စီမံကိန်း ကျေးရွာ ၁၄ ရွာ ရွေးချယ်

Some 7 Villages of Tanintharyi Township Selected for Village Development Project and 14 Villages for Cash for Work Project

Tanintharyi, 16 November 2020, SkyNet Media Coverage

 

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင် အထည် ဖော် ဆောင်ရွက်မယ့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ပွဲနဲ့ ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ များ ရွေးချယ်ပွဲတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ပြုလုပ်ပါတယ်။

အခမ်းအနားမှာ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်က စီမံကိန်း ကျေးရွာ ရွေးချယ်ရာမှာ အဓိက စံနှုန်း(၆) ချက်နဲ့ အညီ ရွေးချယ်မှု ပြုနိုင် ရေး တင်ပြ ဆွေးနွေးပေးရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်တွေက သတ်မှတ် ချက်တွေနဲ့ ကိုက်ညီတဲ့ (VDP) ကျေးရွာ (၇) ရွာနဲ့ Cash For Work စီမံကိန်း ကျေးရွာ (၁၄) ရွာတို့ကို ရွေးချယ်ပေးကြပြီး၊ ကျေးရွာ တစ်ရွာကို စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီပေး အပ်ခဲ့ပါတယ်။

အဲဒီ ရန်ပုံငွေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်တွေရဲ့ ဦးဆောင်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက် သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - နန်းသာရီ - ထိန်ဝင်း (ပြန်ဆက်)

#NCDDP, #DRD, #MOALI, #WorldBank