မောက်မယ်မြို့နယ်၌ Cash for Work စီမံကိန်း ဆောင်ရွက်ပြီးသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မောက်မယ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၁၉ − ၂၀၂၀ခု ဘဏ္ဍာ ရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ CFW စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသော ဟိုလွိုင်ကျေးရွာအုပ်စု၊ ကျောင်းခမ်းကျေးရွာ ပေ(၄၆၀၀)ရှိ ရွာတွင်း မြေသား လမ်းပြုပြင်ခြင်းနှင့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီဝါးဖေါ့ကျေးရွာမှ ပေ(၇၄၀၀)ရှိ ရွာတွင်းမြေသားလမ်း ပြုပြင်ခြင်း လုပ်ငန်း၊ ကဒူးကြီး ကျေးရွာအုပ်စု၊ ဒုံပုံးကျေးရွာပေ(၄၂၀၀)ရှိ ရွာတွင်း မြေသားလမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများနှင့် ဒေသ ဖွံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10504