ဂန့်ဂေါမြို့နယ် ချောင်းခွကျေးရွာ၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ဂန့်ဂေါ စက်တင်ဘာ ၁၀

COVID-19 စီးပွားရေး ကုစားမှု အခြေအနေအရ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန် အတွက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ ချောင်းခွကျေးရွာ၌ စက်တင်ဘာ ၈ ရက်တွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းဖြင့် ချောင်းခွကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ပေ၊ ၉ လက်မထု၊ ကျေးရွာတွင်းလမ်းအရှည်ပေ ၁၆၀၀၊ အကျယ် ၁၈ ပေ၊ ၉ လက်မထုဖြင့် ကျောက်ရော မြေခင်းခြင်းလုပ်ငန်းနှင့် လမ်းမကြီးဘေး ဝဲ၊ ယာတွင် ရေမြောင်းအရှည်ပေ ၃၆၀၀၊ အကျယ် ၁ ပေ ၆ လက်မ၊ အနက် ၂ ပေရှိသော ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသို့ လုပ်ငန်းပြီးစီးမှု အခြေအနေအား ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့် တာဝန်ရှိသူတို့က သွားရောက် စစ်ဆေးပြီး လုပ်ငန်းများ ရာနှုန်း ပြည့် ပြီးစီးပြီ ဖြစ်သည့်အတွက် ရေစီးရေလာစနစ်နှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ အဆင် ပြေ လွယ်ကူမည် ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9872