ကနီမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်း ကျေးရွာများသို့ ကွင်းဆင်း

Field Visit Conducted for NCDDP Activities in Kani

Sagaing, October 28, 2020, Development News TV

ကနီ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၆/၁၀/၂၀၂၀ ရက်နေ့တွင် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးပြည့်ဖြိုးအောင်နှင့် လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတို့သည် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် ခက်ခဲသော လာပို့ ကျေးရွာ အုပ်စုရှိ စီမံကိန်း ဝင် ကျေးရွာ ၄ ရွာအနက် ၃ ရွာအား လုပ်ငန်း စတင်နိုင်ရေး၊ ကျောက်စရစ် သယ်ယူ ဖြတ်သန်းရန် ခက်ခဲနေမှုအား လမ်းဦးစီးဌာန လုပ်ငန်းရှင်များ၊ ကျေးရွာ စီ/ထောက် ကော်မတီဝင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် လုပ်ငန်းဆောင်ရွက် အပြီးသတ်နေပြီ ဖြစ်သော ယင်းသွင်အုပ်စု မိကျောင်းပုန်းကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း ၇၄၆ ပေ၊ ယင်းသွင်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ် ဘေးယာခင်းခြင်း ၉၅၀ ပေနှင့် နတ်ဘူးဇွဲ ကျေးရွာ ရွာတွင်းလမ်း ဘေးယာ ခင်းခြင်း ၁၁၁၆ လမ်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု့ စစ်ဆေး ခြင်း၊ စာရင်းဇယားများ ထားသိုမှုနှင့် တာဝန်ယူဆောင်ရွက်မှုများအား မေးမြန်း ဆွေးနွေးပြီး လိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကနီ မြို့နယ်အတွင်းရှိ ယင်းသွင်အုပ်စု၊ လာပို့ အုပ်စု၊ ကူးဆိပ် အုပ်စု၊ ဒိုင်ကြီး အုပ်စု၊ ဒေသများသည် သွားလာရ ခက်ခဲခြင်း၊ လုပ်ငန်းသုံး ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများ ရှိပြီး၊ စီမံကိန်းဝင် ကျေးရွာ ၁၄ ရွာ ရှိရာ ၃ ရွာတွင် လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ပြီး၊ စီမံကိန်းဝင် ကျေးရွာများအား အချိန်မှီ ပြီးမြောက်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

သတင်း - ဟိန်းလတ်ကျော်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage

https://web.facebook.com/108312817273501/videos/2751043275109645