မဘိမ်းမြို့နယ်မှာ Information Campaign/ Mask Campaign ပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ Covid-19 ရောဂါ ကြိုတင်ကာကွယ်ဖို့ အတွက် အသိပညာပေးခြင်းနဲ့ Mask တွေ အခမဲ့ ဖြန့်ဝေးခြင်း လှုပ်ရှားမှု Information Campaign/ Mask Campaign ကို ဇွန်လ ၁၉ ရက် မနက် ၇ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့မှာ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ ဌာန ဆိုင်ရာက တာဝန်ရှိသူတွေနဲ့ လူထု ဗဟိုပြု စီမံကိန်းက ဝန်ထမ်းတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို Covid-19 ရောဂါ အကြောင်း အသိပညာပေးခြင်း၊ Vinyl ပိုစတာတွေ ပြသခြင်း၊ လူထု ဗဟိုပြု စီမံကိန်း သတင်း အချက်အလက်တွေကို မျှဝေခြင်းတွေ ဆောင်ရွက်ခဲ့ကြပြီး၊ လူထု ဗဟိုပြု စီမံကိန်းက ဖြန့်ဝေတဲ့ Mask အခုရေ ၁၀၀၀ ကို အများပြည်သူတွေ Covid-19 ရောဂါ ကူးစက်မှု မရှိစေရေး၊ Mask နှာခေါင်းစည်း စနစ်တစ်ကျ တပ်ဆင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ဖို့ Mask အသုံးပြုတဲ့ အလေ့အထတွေ ပိုမိုအားကောင်း လာစေဖို့ Covid-19 ရောဂါ ကာကွယ်ဖို့ လိုအပ်နေသေးကြောင်း၊ နိုးနိုးကြားကြား ရှိကာ ဆက်လက်ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ပြီး၊ Mask အခမဲ့ ဖြန့်ဝေပေးခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုကို မဘိမ်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းက ဦးဆောင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ လဲ သိရှိရပါတယ်။

သတင်း - ကိုကိုအောင် (မဘိမ်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank